
ဒူးနာတာကတော်တော်လေးအဖြစ်များကြတဲ့ဝေဒနာတစ်ခုပါ။ ဒူးနာပြီဆို နေ့စဉ်လှုပ်ရှားသွားလာမှုတွေမှာပါအနှောင့်အယှက်ဖြစ်ရပါတယ် ။ ဒူးဟာ သွားရင်းလာရင်း အခန့်မသင့်မျက်ခနဲဖြစ်သွားတာကနေ ခြေထောက်ထောက်မရ ၊ လမ်းလျှောက်မရသည်အထိနာလာတတ်ပါဒူးနာခြင်းကိုဖြစ်စေနိူင်တဲ့အကြောင်းအရင်းများစွာရှိသည့်အနက် အဖြစ်များတဲ့အကြောင်းအရင်းတွေကိုဖော်ပြပေးပါမယ်ရှင့်။
(1) Osteoarthritis (OA) လို့ခေါ်တဲ့ အဆစ်ရောင်ရောဂါကြောင့်ဒူးနာခြင်း
အဓိကအကြောင်းအရင်းကအရိုးနုတွေပျက်စီးတာကြောင့်ဖြစ်ရတာပါ။ အရိုးနုတွေပျက်စီးလာတဲ့အခါ တဖြည်းဖြည်းနဲ့လုံးပါးပါးပြီး အရိုးချင်းထိခိုက်မှုများပြားလာပြီး ရောင်ရမ်းမှုစတင်လာပြီး နာကျင်မှုကိုပါခံစားရစေပါတယ်။ ထိခိုက်မိတဲ့နေရာမှာ ဆဲသစ် (osteophyte)တွေဖြစ်လာတယ် အတက်တွေထွက်လာတာကြောင့် ဒူးဟာအချိန်ကြာလာတဲ့နဲ့အမျှ ကွေးနိူင်ဆန့်နိုင်စွမ်းနည်းပါးလာပြီး တောင့်တင်းနာကျင်လာပါတော့တယ်။ လှုပ်ရှားသွားလာတဲ့အချိန်
ဒါမှမဟုတ်ညအိပ်ယာဝင်ချိန်မှာ ဒူးနာလေ့ရှိပြီး နားလိုက်ရင်အနည်းငယ်သက်သာသွားတတ်ပေမယ့် အချိန်ကြာလာတဲ့အခါ ပုံမှန်လှုပ်ရှားနိူင်စွမ်းမရှိပဲ မသန်မစွမ်းဖြစ်သည်အထိဖြစ်နိူင်ပါတယ် ။ အသက် ၆၀ ကျော်တဲ့အခါ ၈၀ရာခိုင်နှုန်းခန့်ဟာ အရိုးအဆစ်ရောင်တာမျိုးပိုတွေ့ရတဲ့ပါတယ်။
(2) လေးဖက်နာအဆစ်အမြစ်ရောင်ရောဂါကြောင့်ဒူးနာခြင်း
ခန္ဓာကိုယ်ခုခံအားစနစ်မှားယွင်းတိုက်ခိုက်မှုကြောင့် Rheumatoid arthritis လို့ခေါ်တဲ့လေးဖက်နာအဆစ်အမြစ်ရောင်ရောဂါဖြစ်လာရပါတယ် ။ ဒူးအပါအဝင် အဆစ်ရှိတဲ့နေရာတိုင်း လေးဖက်နာကြောင့် ရောင်ရမ်းတာနာကျင်တာမျိုးဖြစ်နိူင်ပါတယ်။
(3) ဂေါက်ရောဂါကြောင့်ဒူးနာခြင်း
သွေးတွင်း Uric Acid များခြင်းကြောင့် ဂေါက်ရောဂါဖြစ်ပေါ်ရပြီး uric acid crystals များစုပုံခြင်းကြောင့် အဆစ်အမြစ်ရောင်ရမ်းမှုများဖြစ်ပေါ်ရသည်။ ထိုကဲ့သို့ ဂေါက်ရောဂါသမားများသည်လှုပ်ရှားမှုမကောင်းတော့ပဲ ဒူးနာတာ အဆစ်အမြစ်နာတာမျိုးမကြာခဏကြုံရတတ်ပါသည်။ ဂေါက်ရောဂါသမားများအနေနဲ့ uric acid မြင့်မားသော ဝမ်းတွင်းကလီစာများစားသုံးခြင်းကိုရှောင်ရှားသင့်ပါတယ်။ အစားများရင် ရုတ်တရက်နာကျင်ကိုက်ခဲတတ်ပြီးအိပ်မရသည်အထိဆိုးရွားစွာခံစားရတတ်ပါသည်။
(4) ဒူးအရွတ်စုတ်ပြဲခြင်း
ပေါင်ရိုးနဲ့ခြေသလုံးရိုးကိုချိတ်ဆက်ထားတဲ့ဒူးအရွတ်တွေစုတ်ပြဲရင် သို့မဟုတ် အလွန်တင်းအောင်ဆွဲဆန့်ခံရချိန်မျိုးမှာလည်း ဒူးနာနိူင်ပါတယ်။ များသောအားဖြင့်အားကစားသမားများတွင်ကြုံတွေ့ရတတ်ပါသည်။ ကစားနေရင်း ရုတ်တရက်ဦးတည်ချက်ပြောင်းရတဲ့အခါမျိုးမှာအရွတ်ခံနိူင်ရည်မရှိပဲ စုတ်ပြဲတတ်ပါတယ်။
(5)အရိုးနုစုတ်ပြဲခြင်းကြောင့်ဒူးနာခြင်း
ဒူးကိုနာကျင်မှုထိခိုက်မှုမဖြစ်စေရန် ကာကွယ်ပေးထားတဲ့ အရိုးနုနှစ်ခုရှိပါတယ်။သူတို့ရှိလို့သာ ပွတ်တိုက်မှုမရှိပဲကွေးနိူင်ဆန့်နိူင်တာဖြစ်ပါတယ်။ ဒီအရိုးနုလေးတွေကရုတ်တရက်လှုပ်ရှားမှုတွေ ဒဏ်ဖြစ်တာတွေကြောင့်လည်းစုတ်ပြဲသွားနိူင်ပါတယ် ။ ဒါကြောင့်အရိုးနုစုတ်ပြဲတဲ့အခါမျိုးမှာလည်းဒူးနာနိူင်ပါတယ်။
(6)ဂုံးညင်းရိုးလွဲခြင်းကြောင့်ဒူးနာခြင်း
ဂုံးညင်းရိုးဆိုတာတစ်နည်းအားဖြင့်ဒူးဆစ်ရိုးကိုခေါ်တာပဲဖြစ်ပါတယ်။ ၎င်းဂုံးညင်းရိုးဟာမူလနေရာကနေထိုးထွက်လာတဲ့အခြေအနေမျိုးမှာဒူးနာနိူင်ပါတယ်။ လက္ခဏာအနေနဲ့ဒူး
ဆစ်အရှေ့ပိုင်းမှာနာကျင်ခြင်းကြောင့် ကောင်းကောင်းမလှုပ်ရှားနိုင်တာမျိုးဖြစ်ပေါ်ကြပါတယ်။
(7) ကိုယ်အလေးချိန်များခြင်းကြောင့်ဒူးနာခြင်း
ရှိသင့်တဲ့က်ုယ်အလေးချိန်ထက်များနေတာ၊အဝလွန်နေတာဟာ ဒူးကိုဝန်ပိစေတဲ့အတွက်ကြောင့် အလေးချိန်များခြင်းဟာဒူးနာစေဖို့အလေးသာတဲ့အချက်တစ်ချက်ဖြစ်စေပါတယ်။ လမ်းလျှောက်တာ၊ လှေကားအတက်အဆင်းလုပ်တာ၊ အထိုင်အထလုပ်တာကဲ့သို့သော နေ့စဉ်လှုပ်ရှားသွားလာမှုတွေမှာတောင် ဒူးဟာမျက်ခနဲ ထိခိုက်သွားနိူင်ပါတယ်။
(8) ကြွက်သားတောင့်တင်းခြင်းကြောင့်ဒူးနာခြင်း
ကြွက်သားတွေတောင့်တင်းနေတာဟာ
လှုပ်ရှားရခက်စေပြီး အရိုးအဆစ်တွေကို
ဟန်ချက်ညီအောင်ထိန်းထားဖို့ခက်ခဲတာကြောင့် ဒူးနာခြင်းဖြစ်ပေါ်နိူင်ခြေများတဲ့အကြောင်းရင်းထဲကတစ်ခုပဲဖြစ်ပါတယ်။
အထက်မှာဖော်ပြခဲ့တာတွေကတော့ ဒူးနာရောဂါအတွက် ဖြစ်နိူင်ခြေအများဆုံးအကြောင်းအရင်းများဖြစ်ပါတယ်။
နောက်တစ်ပိုင်းအနေနဲ့ ဒူးနာသက်သာစေဖို့
ဆောင်ရန် နဲ့ ရှောင်ရန်လေးတွေကိုဖော်ပြပေးမှာမို့ page လေးကို Like & follow လုပ်ထားပေးပါအုံးနော်။ ဒူးနာနေတဲ့မိတ်ဆွေတွေမြင်အောင်လည်း post လေးကို share သွားပေးပါအုံးရှင့် ။
လေးစားစွာဖြင့်ဆရာဝန်ကြီးများ၏ပြောကြားချက်များမှလေ့လာပြီးပြန်လည်ရေးသားမျှဝေသည်။
အားလုံးကျန်းမာရွှင်လန်းကြပါစေရှင့်
HanumanHealthCarebyMay
ဒူးနာခြင်းအကြောင်းအရင်းများ
ဒူးနာ
KneePain
m.me/onlinemedicalstorebymay