NSAID ခေါ် အကိုက်အခဲပျောက်ဆေးများ၏ဘေးထွက်ဆိုးကျိုးများ
NSAID ရဲ့ဘေးထွက်ဆိုးကျိုးတွေကိုမပြောပြသေးခင် NSAID အကြောင်းလေးအရင်ပြောပြပေးပါမယ်။ NSAID ဆိုတာ စတီးရွိုက်မပါသော အရောင်ကျဆေး၊ အကိုက်အခဲပျောက်ဆေးတစ်မျိုးဖြစ်ပြီး ဆရာဝန်များက
ကြွက်သားနဲ့အရိုးဆိုင်ရာဝေဒနာများကိုကုသတဲ့အခါမှာအသုံးပြုကြပါတယ်။ သူက နာကျင်ကိုက်ခဲတာ ၊ဖျားနာတာ၊ ရောင်ရမ်းတာစတဲ့လက္ခဏာတွေကိုသက်သာစေပါတယ် ။
လူသိများပြီး အသုံးများတဲ့ NSAID တွေကတော့ aspirin,ibuprofen တို့ဖြစ်ပြီး ဆေးဆိုင်တွေမှာလည်းအလွယ်တကူဝယ်ယူနိူင်ပါတယ်။ ပိုပြင်းတဲ့ NSAID တွေကိုတော့ဆရာဝန်အညွှန်းပါမှဝယ်ယူလို့ရနိူင်ပါတယ်။
NSAID ကိုရေရှည်စွဲသုံးပါက
လေဖြတ်နိူင်ချေအထိပါရှိပါတယ်။
NSAID ကိုအောက်ပါအခြေနေရှိလူများတွင်အသုံးမပြုသင့်ပါ🚫
🔺နှလုံးရောဂါရှိဖူးသူများ
🔺 လေဖြတ်ဖူးသူများ
🔺75နှစ်အထက်လူကြီးများ
🔺ရင်ကြပ်တတ်သူများ
🔺သွေးတိုးရှိသူများ
🔺ဆီးချိုသွေးချိုရောဂါရှိသူများ
🔺ကိုယ်ဝန်ဆောင်မိခင်နှင့် နို့တိုက်မိခင်များ
🔺ကျောက်ကပ်ရောဂါရှိသူများ
🔺အသည်းရောဂါခံစားနေရသူများ
🔺အစာအိမ်အနာရှိသူများ
အထက်ဖော်ပြခဲ့တဲ့သူများအနေနဲ့ ဆေးကုသရာတွင် ဆရာဝန်များကို မိမိရောဂါအခြေအနေကိုမဖြစ်မနေပြောပြသင့်ပါတယ် ။ဆေးညွှန်းရာမှာ အမှားအယွင်းမဖြစ်စေဖို့အတွက်ဖြစ်ပါတယ်။
NSAID ၏ဘေးထွက်ဆိုးကျိုးများ
NSAID မှာလည်းတခြားဆေးတွေလိုပဲဘေးထွက်ဆိုးကျိုးတွေရှိပါတယ် ။ ပြင်းထန်တဲ့ဘေးထွက်ဆိုးကျိုးတွေကတော့ –
🔸နှလုံးရောဂါရခြင်း
🔸သွေးတိုးခြင်း
🔸လေဖြတ်ခြင်း
🔸နှလုံး၊ကျောက်ကပ်နှင့်အသည်းကိုထိခိုက်ခြင်း
🔸အစာအိမ်အူလမ်းကြောင်းထိခိုက်ခြင်း၊သွေးယိုခြင်း
🔸သွေးနီဥနည်းခြင်း
🔸အသက်အန္တရာယ်ရှိနိူင်သောဓါတ်မတည့်မှုဖြစ်ခြင်းနှင့်
🔸ရင်ကြပ်တတ်သူများကိုရင်ပိုကြပ်စေခြင်းတို့ဖြစ်စေနိူင်ပါတယ်ရှင်။
တခြားမပြင်းထန်တဲ့ဘေးထွက်ဆိုးကျိုးတွေကတော့ –
🔹ဗိုက်အောင့်တာ
🔹ဝမ်းချုပ်တာ၊ဝမ်းလျှောတာ
🔹လေပွတာ
🔹ရင်ပူတာ
🔹မူးဝေတာ
🔹ပျို့အန်တာ တို့ဖြစ်နိူင်ပါတယ်။
ဆေးရုံဆေးခန်းချက်ခြင်းပြသင့်သောလက္ခဏာများ –
▪️သွေးအန်ခြင်း၊သွေးဝမ်းသွားခြင်း
▪️ပုံမှန်မဟုတ်သောအလေးချိန်ကျခြင်း
▪️အရေပြားယားနာဖုများပေါက်ခြင်း
▪️အရေကြည်ဖုများပေါက်လာခြင်း
▪️ခြေလက်ဖောရောင်ခြင်း
အထက်ဖော်ပြတဲ့အခြေနေမျိုးကြုံလာရင် ဆေးချက်ချင်းရပ်ပြီးနီးစပ်ရာဆရာဝန်နဲ့ပြသသင့်ပါတယ် ။
ဒါကြောင့် နာကျင်ကိုက်ခဲလာတိုင်းရေရှည်မှာဆိုးကျိုးများတဲ့အကိုက်အခဲပျောက်ဓာတုဆေးတွေကို ကိုယ့်သဘောနဲ့ကိုယ်မှီဝဲသုံးစွဲတာမျိုးမလုပ်ကြဖို့တိုက်တွန်းလိုက်ပါတယ်ရှင်။
ရေတိုမှာလည်းနာကျင်ကိုက်ခဲမှုတွေကိုသက်သာစေပြီး ရေရှည်မှာလည်းဆိုးကျိုးကင်းတဲ့သဘာဝတိုင်းရင်းဆေးကိုအသုံးပြုဖို့စိတ်ဝင်စားတဲ့ဆိုရင်တော့ m.me/onlinemedicalstorebymay ကိုနှိပ်ပြီး chat box မှာအသေးစိတ်မေးမြန်းနိူင်ပါတယ်ရှင့်🤍
May
NSAIDSideEffects
အကိုက်အခဲပျောက်ဆေးဘေးထွက်ဆိုးကျိုးများ

